ကျွန်မတို့တတွေ လောကကြီးအတွက် ဘယ်လိုအကျိုးပြုကြမလဲ?
ကောင်းကျိုးပြုကြမလား... ဆိုးကျိုးတွေဘဲပေးကြမလား?
လူတိုင်းလူတိုင်း ဘ၀မှာ ချမ်းချမ်းသာသာ အေးအေးငြိမ်းငြိမ်း နေထိုင်သွားချင်သူတွေများမှာပေါ့။
အကောင်းတွေကြီး ကြီုးစားလုပ်ဆောင်ချင်တယ်ဆိုပေမယ့် ကံကြမ္မာရဲ့ရိုက်ခတ်တဲ့ဒဏ်တွေကြောင့်
ထင်သလိုတွေဖြစ်မလာတော့တဲ့အခါ အားငယ်စိတ်တွေ အများကြီးဝင်လာကြတယ်။
အဲဒီအခါ ဘယ်လိုလုပ်ရင်ကောင်းမလဲတွေးရင်း ကြီုးစားအားထုတ်ကြတော့တာပေါ့။
တစ်ချိန်ချိန်မှာ ဖြစ်လာရမယ်ဆိုတဲ့စိတ်နဲ့ မှန်းမျှော်ရင်း အားထုတ်ခဲ့ကြတယ်။ တစ်ချို့သောလူတွေက ပန်းကလေးတွေဖြစ်ချင်ခဲ့ကြတယ်။ တစ်ချို့တစ်ချို့တွေကတော့ သစ်ပင်လေးတွေလို လောကကြီးအတွက်
အေးမြငြိမ်းချမ်းမှုလို့ခေါ်တဲ့ အရိပ်ပေးချင်ပါသတဲ့။ သစ်ပင်ဆိုတာကလည်း သစ်ရွက်ကြွေလျှင် ညစ်ပတ်မှုဖြစ်စေနိုင်တယ် မဟုတ်လား? တစ်ဝက်စီဘဲကောင်းကျိုးပြုနိုင်ကြမှာပါ။ အဲလိုပါဘဲ လူတိုင်းမှားကြတာဘဲဆိုတာကို လက်ခံနိုင်ရမယ်။သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။"ဘ၀မှာ လုပ်သလိုဖြစ်မလာရင် ဖြစ်သလိုမလုပ်ပါနဲ့"တဲ့။
အရမ်းအဓိပ္ပါယ်ရှိတယ်မဟုတ်လား? ငါကတော့ လောကကြီးအတွက် လမ်းကလေးတစ်လမ်းဖြစ်ချင်ခဲ့တာပါ။ ဘာကြောင့်လမ်းဖြစ်ချင်တာလဲဆိုရင် အရာအားလုံးရဲ့ ခံနိုင်ရည်ရှိရမယ်မဟုတ်လား? ဘာတွေလဲဆိုတာကတော့ ကားအမျိုးမျိုး၊ ဆိုင်ကယ်အမျိုးမျိုး၊ လေဒဏ်၊ မိုးဒဏ် ဒါတင်မကပါဘူး။ ကွမ်းတံတွေး ပါမယ်မဟုတ်လား?။ ငါ အဲလောက်ခံနိုင်ရည်ရှိပါ့မလားဆိုတာ ပထမဦးဆုံးစဉ်းစားရပါတယ်။့ နောင်တစ်ချိန်မှာ လောကကြီးအတွက် အကျိုးပြုနိုင်ပါရစေလို့ ဆုတောင်းရင်း........
နည်းနည်းဘဲဖြစ်ဖြစ်ပေါ့။
သစ်ပင်သေးသေးလေးကို လူတက်တာ့ သစ်ကိုင်းကြိုးတာပေါ့ ...
ReplyDeleteညောင်ပင်အကြီးကြီးကို လူတက်တော့ ဘာမှ မဖြစ်ဘူးတဲ့ ...
ကိုယ်တိုင်က သစ်ပင်သေးသေးလေးဆိုရင် ဘယ်သူ့ကိုမှ အမှီအခို မပေးနိုင်ဘူး ... အကာအကွယ်လည်း မပေးနိုင်ဘူး
ကိုယ့်တိုင်က သစ်ပင်ကြီးကြီးဖြစ်နေမှ သူများတွေကို ခိုနားခွင့်ပေးနိုင်တယ် ... အကာအကွယ်လည်း ပေးနိုင်တယ်လေ ...
လေးစားပါတယ်ဗျာခံ ယူချက်ကို အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်......
ReplyDelete